မအူပင် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အလန်းကျေးရွာ အုပ်စုအလန်းကျေးရွာ သာသနမာမကဓမ္မရိပ်သာတန်ဆောင်းတွင် ကွင်းဆင်းပေးအပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့်မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးခင်မောင်အေးတို့ကနိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ကိုင်ဆောင်၍ သတ်မှတ်စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ဦးခင်မောင်အေးဦးဆောင်သော ဝန်ထမ်းများမှ အလန်းကျေးရွာအုပ်စုအလန်းကျေးရွာတွင် အသက် (၁၆)နှစ်မှအသက်(၁၈) နှစ်ပြည့် နှင့်အသက်(၁၈)နှစ်အထက်ပြည်သူ စုစုပေါင်း(၉၂)ဦး အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပြီးမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးခင်မောင်အေးတို့က ပေးအပ်ခဲ့ ကြောင်းသိရသည်။
အောင်ခိုင်(မအူပင်)