ရသေ့တောင် အောက်တိုဘာ ၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြ သည့် အသက်(၄၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၉ ရက်နေ့မှစ၍ သတ်မှတ် စုရပ်များတွင် စတင်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ပထမအကြိမ်ထိုးနှံ ပြီးစီးခဲ့သည့် အသက်(၄၅) နှစ်အထက်ရှိသည့် ပြည်သူများအား ဆေးထိုးနေရာ (၆)နေရာတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးသွားမည် ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပထမအကြိမ် ထိုးနှံခဲ့ သည့် အသက်(၄၅)နှစ်အထက်ရှိသည့်ပြည်သူများအား သတ်မှတ်နေ့ရက် အလိုက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း ( ပြန်/ ဆက်)