ကံမ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဦးစားပေးအုပ်စုများဖြစ်သည့် အသက်(၅၅)နှစ် အထက်ရှိသူများ၊ နာတာရှည်ရောဂါသည်များနှင့်မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများအား သတ်မှတ်ဆေးထိုးစုရပ်အသီးသီး၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharn အား ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊စေတနာ့ ဝန်ထမ်းများပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်နှင့် ကျေးရွာများရှိ ဆေးထိုးစုရပ် များတွင်သတ်မှတ်အုပ်စုအလိုက်ဦးစားပေးအစီအစဉ်အတိုင်း ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီစနစ်တကျဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)