ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေး တွံတေးမြို့မစည်ပင်သာယာစျေး၌ အသိပေးနှိုးဆော်

တွံ​တေး အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက် များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် လက်ကိုင်ဟမ်းစပီကာစက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့မစည်ပင်သာယာစျေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကိုင်ဟမ်းစပီကာစက်ဖြင့် နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းကာ တွံတေးမြို့ မြို့မစည်ပင် သာယာစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခဲ့ရာတွင် တတ်နိုင်သမျှ မိမိနေအိမ် တွင်သာ နေထိုင်ရေး၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး၊ အခြားသူ များနှင့် ခြောက်ပေအကွာ ခပ်ခွာခွာ နေထိုင်ရေး၊ လူစုလူဝေးပြုလုပ်ခြင်း ရှောင်ကြဉ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သတ်မှတ်ဆေးထိုးစုရပ်များတွင် ထိုးနှံနိုင်ရေးတို့ကို အသိပညာပေး တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်