နတ်မောက်မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

နတ်မောက်  အောက်တိုဘာ ၇

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရန်     အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်နိုင်စေရန် နေ့စဉ်နံနက် (၉)နာရီမှညနေ(၄)နာရီအထိပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများမှအိမ်ထောင်စုထဲတွင် မွေးဖွားသူသားသမီး များ၏ အမည်စာရင်းတိုးခြင်း၊ သေဆုံးသူမိဘဆွေမျိုးသားချင်းများ၏ အမည်စာရင်းပယ်ဖျက်ခြင်း၊ သီးခြား  အိမ်ထောင်စုခွဲထွက်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်းနှင့်ပျောက်ဆုံး/ပျက်စီးသူ များအားလဲလှယ်ပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင်  တစ်နေ့လာရောက်ပြုလုပ်သူ (၂၇)ဦးကျော်ခန့်ရှိကြောင်းသိရသည်။

 

လှဝင်း