ပုလောမြို့နယ်၌ မသန်စွမ်းသူများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ပုလော အောက်တိုဘာ ၇

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ မသန်စွမ်းသူများအကြောင်း အသိပညာ ပေး Talk Show ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၃ နာရီက ပုလော မြို့နယ် Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ (တာ၀န်ပေး) ဒေါ်အေးအေးမော်က မသန်စွမ်းသူတိုင်း လူ့အခွင့် အရေး အားလုံးနှင့် အခြေခံ လွတ်လပ်ခွင့်တွေကို ညီမျှစွာ အပြည့်အဝ ရရှိရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တိုးမြှင့် လုပ်ဆောင်နိုင်ရန်၊  မသန်စွမ်းသူ များ၏ မွေးရာပါ ဂုဏ်သိက္ခာ ကို ပိုမိုလေးစားမှုရှိစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ရ ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှု၀န်ထမ်းဦးစီးဌာန၊ ပုလော မြို့နယ်တာ၀န်ခံ ဒေါ်ဇင်မာ၀င်း က မသန်းစွမ်းသူ ဆိုတာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပညာပိုင်း(သို့မဟုတ်) ခံစားမှု အာရုံ ပိုင်ဆိုင်ရာ ချွတ်ယွင်းချက်တွေ ရေရှည် ခံစားနေရပြီး၊ အဆိုပါ ချွတ်ယွင်းအားနည်းချက်တွေကြောင့် အခြားသူများ နည်းတူ လူ့အသိုက်အဝန်းမှာ အပြည့်အဝ ထိရောက်စွာ ပါဝင် ဆောင်ရွက်ချက်များနှင့် အတူ အမျိုးမျိုးသော အဟန့်အတားများကို တွေ့ကြုံခံစား နေရသူများ ဖြစ်ကြောင်း၊ မသန်စွမ်းသူ များ ခွဲခြား ဆက်ဆံ မှုပြုခြင်း ကို မရှိစေဘဲ မသန်စွမ်းသူများအတွက် လူ့အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့်အားလုံးကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ ချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ မသန်စွမ်းသူ အမျိုး အစား(၄)မျိုးရှိပြီး၊ လူမှုဝန်ထမ်း ၀န်ကြီးဌာန အနေဖြင့် ဆောင်ရွက်ချက် တွေနှင့်အတူ ရပ်ရွာ အခြေပြု ပြန်လည် ထူထောင်ရေး နှင့် သင်တန်းကျောင်း အခြေပြု ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး၊ မသန်ပေမဲ့ စွမ်းပါတယ် ဆိုတဲ့ ဆောင်ပုဒ် အတိုင်း မသန်စွမ်းသူများကို သန်စွမ်းသူများ ကဲ့သို့ စွမ်းဆောင်နိုင်ရေး ဆောင်ရွက် ပေးလျက် ရှိကြောင်း ကို ဆွေးနွေး ပြောကြားခဲ့ ပါသည်။

အေးအေးမော် (ပုလော)