မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ

မြစ်သား                  အောက်တိုဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်အသက်၅၅နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စု အလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို   မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ စုရပ် အဖြစ်သတ်မှတ်၍   နေ့စဉ် နံနက် (၉)နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။  

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေမာနွယ်နှင့် သူနာပြုဆရာမများက ကာကွယ်ဆေး ထိုးနှံ ပေးကြပြီး မြစ်သားမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ် ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး(၆) ပေအကွာ နေရာချထား ပေးခြင်း၊ စနစ်တကျစာရင်းပေးသွင်းခြင်း ၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက် နေခြင်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး အောက်တိုဘာ(၇)ရက် ယနေ့တွင် မြစ်သားမြို့နယ်မှ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူ (၁၇၅၀)ဦးကို ပထမအကြိမ်  ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၂၂၀၅)ဦးရှိပြီး အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီး ဌာန၏ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပေးပို့သူ-မြမြမွန်(မြစ်သား)