မြဝတီမြို့၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မြဝတီ အောက်တိုဘာလ ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာ ပေးလုပ်ငန်းများကို Facebook page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာပေး နေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသီဟနိုင်က  လူမှု ဝန် ထမ်းဦးစီးဌာနသည် မသန်စွမ်းမှုအမျိုးအစားများကို သင်တန်းကျောင်း အခြေပြု စောင့်ရှောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းများအရ လူဦးရေး ၂.၃ သန်းမှာ (၄.၆) ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ပြီး အမြင်အာရုံချို့ယွင်းမှု ၂.၅ရာခိုင်နှုန်း၊ အကြားအာရုံ ချို့ယွင်းမှု ၁.၃ ရာခိုင်နှုန်းနှင့်ကိုယ်အင်္ဂါမသန်စွမ်းသူ ၁.၉ ရာခိုင်နှုန်းနှင့်ဉာဏ်ရည် မသန်စွမ်သူ ၁.၇ ရာခိုင်နှုန်းရှိကြောင်း တို့ကို ဆက်လက်ဆွေးနွေးပြောကြားသည်။

ထို့ပြင် နားမကြားသူများအတွက် မြန်မာစံလက်သင်္ကေတပြဘာသာစကားသင်တန်းများဖွင့်လှစ်ပေးသည့် အပြင် ဘာသာပြန်ဝန်ဆောင်မှုပေးခြင်း၊လက်သင်္ကေတဖြင့် သင်ရိုးညွှန်းတမ်းများ ပြုစုခြင်း၊ ထောက်ပံ့ ငွေများပေးအပ်ခြင်း၊ မသန်စွမ်းသူများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပိုမို ကြည့်ရှုစောင့် ရှောက်နိုင်ရေး၊ကုလသမ္မဂမသန်စွမ်းသူများ၏ အခွင့်အရေးများ အသေအချာရရှိနိုင် စေရေးနှင့် ဘဝအရည် အသွေးဖွံ့တိုးတက်မှု ရရှိ‌စေရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)