မြောင်းမြမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပထမအကြိမ် ဆက်လက်ထိုးနှံပေး

မြောင်းမြ    အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉း၀၀)နာရီအချိန်က အ..က() ပညာရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်ဆေး များကိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၈)နှစ် အထက်ပြည်သူများကို စုရပ်များခွဲ ၍ကာကွယ်ဆေးထိုးပေးခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေး ကြောင်းသိရသည်။

မြောင်းမြမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်စုရပ် နေရာများ၌ ()ရက်ကြာ ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(မြောင်းမြ)