ပိုင်ကျုံ အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားနိုင်ခြင်းမရှိသည့် ကျောင်းသားလူငယ်မောင်မယ်များနှင့် စာဖတ်ဝါသနာရှင်များ အသိပညာ ဗဟုသုတပိုမို ရရှိစေရန်ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေး လုပ်ငန်းများဖြစ်သည့် စာအုပ်မိတ်ဆက်ခြင်း၊ ကလေးများအတွက် အသိပညာရရှိစေမည့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်ခြင်း အပြင် ကျန်းမာရေးကဏ္ဍနှင့် အထွေထွေဗဟုသုတအစီအစဉ် များကိုလည်း ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပျက် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေးခြင်းလုပ်ငန်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်များအား မြို့ပေါ်ရပ်ကွက်များသာမက ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ကျေးရွာ များအရောက် လိုက်လံ အသိပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)