မင်္ဂလာဒုံမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် လှည့်လည်နှိုးဆော်

မင်္ဂလာဒုံ အောက်တိုဘာ ၇

မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော ဝန်ထမ်း များ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန်အတွက် မြို့နယ်ကြက်ခြေနီအဖွဲ့မှ လှည့်လည် နှိုးဆော်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ပြည်သူများ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်၊ ဖြစ်နိုင်လျှင် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပ ဧည့်သည်များ လက်မခံရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောရန်၊ စျေးဝယ်ရာတွင် Mask တပ်ဆင်ထားသော စျေးရောင်းသူများထံမှသာ စျေးဝယ်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာဆေးခန်း၊ ဆေးရုံများ သို့ ပြသရန်၊ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ရန်၊ လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းတံခါးများကို ဖွင့်ထားရန်၊ ကာကွယ်ဆေးထိုးရာတွင် သတ်မှတ်အုပ်စုအလိုက် မပျက်မကွက် သွားရောက်ထိုးနှံကြရန်နှင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် ကျေးရွာ/ရပ်ကွက်အုပ်စုများအား Hand Speaker ဖြင့် မြို့နယ်ကြက်ခြေနီအဖွဲ့မှ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)