နယ်စပ်ဖြတ်ကျော်နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိ

မေတ္တာ  အောက်တိုဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယနေ့ နံနက် ၉:၁၅နာရီအချိန်က နယ်စပ်ဖြတ်ကျော်တရားမဝင်​နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများပြန်လည် ဝင်ရောက် လာကြောင်းသိရသည်။

အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံ ကန်ဘူရီ၊ မဟာချိုင်၊ အုန်းယိုင်၊ ဘန်ကောက်မြို့များ တွင်အလုပ်လုပ်နေသူများဖြစ်ပြီး မိမိတို့၏အစီအစဉ်ဖြင့်ထိုင်း-မြန်မာနယ်စပ်ဗောဓိလမ်းက တဆင့်ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ယနေ့ နံနက် ၉နာရီအချိန်မေတ္တာမြို့တံတား စစ်ဆေးဂိတ်တွင်ရောက်ရှိလာရာ တာဝန်ရှိသူများကကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်းနှင့် အဆိုပါဝင်ရောက်လာသူများမှာကျား(၃)ဦး မ(၆)ဦးစုစုပေါင်း(၉)ဦးသည်ရေဖြူမြို့နယ်မှ အများစုနေထိုင်သူများဖြစ်၍ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အစီအမံဖြင့် ရေဖြူမြို့နယ် Quarantine Centre သို့ ဆက်လက်ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားရှိသွားမည် ဖြစ်ကြောင်းမေတ္တာမြို့နယ် မြေရဲစခန်းရဲအုပ်အောင်မြင့်ဝင်းထံမှ သိရသည်။

မေတ္တာ(ပြန်/ဆက်)