ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉‌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ

ကျောင်းကုန်း   အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာဒုတိယအသုတ် (ဒုတိယအကြိမ်)ကို (၇၇၀၀)ကျော် လာရောက်ထိုးနှံခဲ့ပြီး၊ ယခုတတိယအသုတ် (ပထမအကြိမ်)ကို (၁၅၀၀၀)ကျော် ထိုးနှံပြီးစီးပြီဖြစ်ပြီး ယနေ့ နံနက် နာရီအချိန်မှစ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ယခုအခါ Phase(2)First Doseအတွက် Doses (၁၀၀၀၀)ထပ်မံရောက်ရှိလာရာ အောက်တိုဘာ (၁၁)ရက်နေ့အပြီး ထိုးနှံကြရမည်ဖြစ်သည်။ ကျောင်းကုန်းမြို့နယ်အတွင်းစုရပ်(၁၁)ခု အနက် စုရပ် () အဖွဲ့() အမှတ် ()ရပ်ကွက်နှင့် စုရပ်() အဖွဲ့ () အမှတ်()ရပ်ကွက်တို့ကို မိုးလုံလေလုံအားကစားခန်းမ၌ တစ်ရက်ခြားစီ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး၊ ကျန်ဆေးထိုးစုရပ်များအားလုံး နေ့စဉ်ထိုးနှံပေးမည်ဖြစ်ရာပြည်သူများ စိတ်ဝင်တစား လာရောက်ထိုးနှံနေကြကြောင်း သိရသည်။

ယခင်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ဆေးထိုးပေးနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသိပေးနှိုးဆော်ပေးကြရမည်ဖြစ်ကြောင်း၊ ဆေးထိုးစာရင်း အချက်အလက်များ တိကျ မှန်ကန်စေရေးနှင့် Excel ရေးသွင်းနိုင်ရေးကိုလည်း ကြိုးစားပေးကြပါရန် ဆေးထိုးအဖွဲ့များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တိုက်တွန်းထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)