ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကျေးရွာ အရောက် လိုက်လံ အသိပေးနှိုးဆော်လျက်ရှိ

 

ပိုင်ကျုံ   အောက်တိုဘာ   ၇

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကိုယနေ့နံနက်(၉)နာရီအချိန်တွင်ရှမ်းကုန်းကျေးရွာသို့ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော် ခဲ့ကြောင်းသိ ရသည်။    

ထိုသို့အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်   ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေမည့် နည်းလမ်းများကို    ကျေးလက်နေ ပြည်သူများ    ကျယ်ကျယ်ပြန့်ပြန့်   သိရှိစေရန်ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့်အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ပါ၊   သို့မှာသာ    ရောဂါကွင်းဆက်ပြတ်တောက် ပြီးကူးစက်မှုကို ထိထိ ရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြပါရန်နှင့်မိမိတို့ကလည်းအခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်းမတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊   အရာဝတ္တူတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း   လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင်   စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ် ကြပါရန်၊    လေဝင်လေထွက်မကောင်းသော  အခန်းများသွားလာခြင်းမှရှောင်ပါ၊  သက်ကြီးရွယ်အို များနှင့် ဆီးချို၊   သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံ နေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍   မပျက်မကွက်စစ်ဆေး ကုသမှု  ခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကိုမိမိတို့အတွက်   အကောင်းဆုံးဖြစ်၍   ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊  ကာကွယ်ဆေး ထိုးပြီး သော်လည်း ရောဂါကာကွယ်ရေး   နည်းလမ်းများကို   ဆက်လက်လိုက်နာပါစသည့်   ဆောင်ရန်/ရှောင်ရန်  အချက်များအား Hand Speaker ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)