မြောက်ဦး အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းဘုန်းတော်ကြီးကျောင်း ယာယီဖွင့်လှစ် ထားသော နေရပ်စွန့်ခွာစခန်းများ၌ လာရောက်ခိုလှုံရန်ရောက်ရှိနေကြသည့် ကျေးရွာအသီးသီးမှ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး(Sinopharm)ဆေးများ ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ဦးခေါင်းဘုန်းတော်ကြီးကျောင်းတွင် ယာယီဖွင့်လှစ်ထားသော နေ ရပ်စွန့်ခွာစခန်းများမှ အသက်(၁၈)နှစ်အထက်ကျေးလက်နေပြည်သူများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးမထိုးနှံမှီ လိုအပ်သော ကျန်းမာ ရေးစောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပမာဏပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းများနှင့် သွေးတိးရောဂါ/ဆီချိုရောဂါစသည့် ရောဂါများရှိ/မရှိတို့အား စနစ်တကျစစ်ဆေးဆောင် ရွက်ပေး လျက်ရှိသည်။ ဆက်လက်၍ မြို့ဦးခေါင်းဘုန်းတော်ကြီးကျောင်းရှိ နေရပ်စွန့်ခွာစခန်းမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ လက်ကောက်ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့ဦးခေါင်းနေရပ်စွန့်ခွာစခန်းများမှ စခန်းတာဝန်ခံများပူးပေါင်း၍ နေရပ်စွန့်ခွာပြည်သူများအား (Sinopharm) ကိုဗစ်ကာကွယ် ဆေးများအား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကိုဗစ်ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးရာတွင် ကျန်းမာရေးဝန် ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုး နှံပေးပြီးနောက် မိနစ် (၃၀)ခန့်စောင့်ကြည့် ခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် ပိုင်းအထိ မြို့ဦးခေါင်းနေရပ်စွန့်ခွာစခန်းမှ အသက်(၁၈)နှစ်အထက် ပြည်သူ(၂၀၀)ဦးအား (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များမှ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)