အမ်းမြို့နယ် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနှိင်ရန်ဆောင်ရွက်ထားရှိမှုအခြအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းထားရှိမှု

အမ်း  အောက်တိုဘာ ၇

 

မေး။   အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကိုသိပါရစေရှင်။

ဖြေ။    ကျွန်တော့အမည်ကတော့ ဦးကိုကြီး မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။

မေး။   ဆရာကြီးတို့၏ အထက်ကျောင်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်၏အစီစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့စီစဉ်နေတယ်လို့သိရတဲ့အတွက်ကြိုတင်ဆောင် ရွက်ထားရှိ အသက်( ၁၂ )အထက် ကျောင်းသား/သူတွေ အခြေအနေလေးကိုသိပါရစေရှင်။

ဖြေ။    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့အတွက် အထက်ကျောင်း၊ အလယ်တန်းကျောင်း အုပ်တွေကို အသက်( ၁၂ )အထက် ကျောင်းသား/သူများ မကျန်ရှိရေး မွေးသက္ကရာဇ် စာရင်းပြုစုဆောင် ရွက်ပါတယ်။

မေး။   အမ်းမြို့နယ်မှာ ကာကွယ်ဆေးထိုးရန် အခြေခံပညာကျောင်းအရေအတွက်နှင့် ကျောင်းသား/ သူဦးရေ သိချင်ပါတယ်ရှင်။

ဖြေ။    အမ်းမြို့နယ်မှာ ကာကွယ်ဆေးထိုးဖို့ အခြေခံပညာအထက(၁၁)၊ အထကခွဲ(၁၁)၊ အလက (၂၇)၊ အလကခွဲ(၂၈)၊ မူလွန်(၃၅)၊ ကိုယ်ပိုင်အထက်တန်းကျောင်း ( ၂ )ကျောင်း၊ စုစုပေါင်း (၁၁၄)ကျောင်းနဲ့ ကာကွယ်ဆေးထိုးနှံမည့်အသက်( ၁၂ )အထက် ကျောင်းသား/သူ အထက် တန်းအဆင့်(၁၉၇၇)ဦး၊ အလယ်တန်းအဆင့်(၇၉၂၄)ဦး စုစုပေါင်း (၉၉၀၁)ဦး ရှိပါတယ်။

မေး။   ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံမည့် စုရပ်( ၉ )ရပ်၏ နေရာလေးတွေကိုသိချင်ပါတယ်ရှင်။

ဖြေ။    ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံမည့် စုရပ်( ၉ )ရပ်၏ နေရာများမှာ အထက(၁)(၃၁၈၈)ဦး၊ စခန်းမော်(၅၇၃)ဦး၊ တပ်တောင်(အထက)(၁၄၈၇)ဦး၊ မင်းတက်(အထက)(၇၅၃)ဦး၊ တလိုင်းတောင်(အထကခွဲ)ပဒဲကြော(၃၉၄)၊ ရှုး(အထက)(၁၂၇)ဦး၊ ကဇုကိုင်း(အထကခွဲ) (၁၂၈၅)ဦး၊ ဂဏန်းပြင်(အထက)(၆၁၃)ဦး၊ ကျောက်မြောင်း(အထက)(၇၄၈)ဦး စုစုပေါင်း (၉၉၀၁)ဦးဆေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး။   ကာကွယ်ဆေးထိုးဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ကျောင်းသူတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ထိုးနှံဖို့ အသိပေးမှုတွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲ။

ဖြေ။    ကာကွယ်ဆေးထိုးဖို့အတွက် အောက်တိုဘာလ(၁၂)နောက်ပိုင်းမှာ ထိုးနှံမှာဖြစ်တဲ့အတွက် အသက်( ၁၂ )အထက် ကျောင်းသား/သူတွေ မကျန်ရှိရေး မွေးသက္ကရာဇ် စာရင်းပြုစုဆောင် ရွက်ပါတယ်။ နယ်မြေခံကျောင်းတွေမှာ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ တွေ့ဆုံပြီးတော့ သဘောတူညီချက်ပါရှိတဲ့လက်မှတ်ကိုလည်းရယူထားပါတယ်။ မိဘတွေရဲ့ သဘောတူညီမှုနဲ့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကိုလုပ်ဆောင်ပါတယ်။ အတန်ပိုင်ဆရာ/

 

ဆရာမတွေမှတဆင့် ဆေးထိုးဖို့အတွက် အသိပေးအကြောင်းကြားမှု၊ နှိုးဆော်မှုများ ဆောင် ရွက်လျက်ရှိပါတယ်။

မေး။   မကြာခင်မှာ အခြေခံပညာကျောင်းတွေ  ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်းသိရတဲ့အတွက် ကျောင်းတွေပြန်ဖွင့်ဖို့ဆောင်ရွက်ထားမှု အခြေအနေကိုလည်း သိပါရစေ။

ဖြေ။    အခြေခံပညာကျောင်းတွေ  ပြန်လည်ဖွင့်လှစ်ရန် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း ရေးပြုလုပ်ထားဖို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင် ရွက်ထားရှိဖို့ ကျောင်းတိုင်းမှ ကျောင်းအုပ်ဆရာ/ဆရာမများကို မှာကြားထားပြီးဖြစ်ပါတယ်။

မေး။   အသက် ၁၂ နှစ်အထက်ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ဌာန / အဖွဲ့ အစည်းတွေကိုလဲ သိပါရစေ။

ဖြေ။    အသက် ၁၂ နှစ်အထက်ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေ ဆောင်ရွက်နိုင်ဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။   အသက် ၁၂ နှစ်အထက်ကျောင်းသား/သူတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

          နိုင်မှုအပေါ် ဆရာရဲ့ပီတိစကားလေးကိုလဲသိချင်ပါတယ်။

ဖြေ။    အသက် ၁၂ နှစ်အထက်ကျောင်းသား/သူတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အချိန်မှီအမြန်ဆုံးနည်းနဲ့ နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးတဲ့အတွက်ကြောင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားရမှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါ တယ်၊ ဝမ်းလည်းသာပါတယ်။

မေး။   အခြားဖြည့်စွက် ပြောကြားလိုတာရှိရင်ပြောကြားပေးပါ။

ဖြေ။    ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများကို ကျေးဇူးတင်ပါကြောင်း ပြောကြာလိုပါတယ်။

 

တွေ့ဆုံမေးမြန်းသူ     ဝင်းအိမွန်( အမ်း ပြန် /ဆက် )

          သတင်း / ဓါတ်ပုံ       -စိုးမင်းထွန်း ( အမ်း ပြန် / ဆက် )