ကျိန္တလီ အောက်တိုဘာ ၇
မေး။ အစ်မရဲ့ အမည်လေးနဲ့နေရပ် လိပ်စာကိုမိတ်ဆက်ပေးပါ။
ဖြေ။ ကျွန်မအမည်ကတော့ ဒေါ်စန်းစန်းနွယ်ပါ၊ ကျွန်မက ကျိန္တလီမြို့ ၊ အမှတ်(၁)ရပ်ကွက် ၊ ပြည်ထောင်စုလမ်းမှာနေပါတယ်။
မေး။ အစ်မက ဝန်ထမ်းလား ၊ ကုန်သည်လား ၊ ဘာအလုပ်လုပ်ပါသလဲ။
ဖြေ။ ကျွန်မက ကျိန္တလီမြို့ ၊ အခြေခံပညာအထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းပါ၊၊
မေး။ အစ်မ တို့ရဲ့ သား/သမီးတွေမှာ ပညာသင်ကြားနေတဲ့ ကလေးတွေရှိရင် ကလေးရဲ့ အသက်နဲ့ ပညာသင်ကြားနေတဲ့ ကျောင်းနဲ့တက်ရောက်နေတဲ့ အတန်းကို သိချင်ပါတယ်။
ဖြေ။ ကျွန်မသားရဲ့အသက်ကတော့ (၁၃)နှစ်ဖြစ်ပါတယ် ၊ ကျိန္တလီမြို့ အခြေခံပညာအထက်တန်း ကျောင်း မှာ Grade-7 တွင် တက်ရောက်ပညာသင်ကြားနေပါတယ်။
မေး။ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေမှု အပေါ်ကျောင်းသားမိဘ တစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်မဲ့ အစီစဉ်ကို သိပါရစေ။
ဖြေ။ ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေမှုအပေါ် ကျောင်းသားမိဘတစ်ဦးအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ၊ ကျွန်မသားအပါအဝင် ကျောင်းသား/သူတွေအားလုံးကို ကာကွယ်ဆေးထိုးစေချင်တယ်၊ ကျွန်မလက်လှမ်းမှီသလောက် ကာကွယ်ဆေးထိုးမည့် အစီအစဉ်တွင် ပါဝင်လာအောင် ကျောင်းသား မိဘတွေနဲ့ ကျောင်းသား/သူတွေကို တိုက်တွန်းသွားမှာပါ။ ကျွန်မကိုယ်တိုင်လည်း ပညာရေးဝန်ထမ်း တစ်ဦးဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်မှာ တာဝန်ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမှာပါ။
မေး၊၊ အခုလို မိမိရဲ့ သား/သမီး တွေကို ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နိုင်တဲ့အပေါ် ပီတိစကား လေးလဲကြားချင်ပါတယ်။
ဖြေ။ ကျွန်မတို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ကျောင်းသား/သူ တွေရဲ့ ပညာရေးမှာ အများကြီးထိခိုက်မှုရှိခဲ့တယ်၊၊ယခင်က စာသင်ကျောင်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့ အညီဖွင့်လှစ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ နိုင်ငံအနှံ့ ရောဂါကူးစက်မှုနှုန်းက မြင့်တက်လာအတွက်ကြောင့် ကျောင်းတွေကို ယာယီပိတ်ထားလိုက်ရတဲ့အခါမှာ ကျောင်းသား/သူတွေအတွက် အများကြီး စိတ်မကောင်း ဖြစ်မိပါ တယ်။ အခုလို ၁၂နှစ်အထက် ကျောင်းသား/သူတွေကို ဆေးထိုးပေးမယ်ဆို တဲ့သတင်းကို ကြားသိလိုက် ရတဲ့အခါမှာ ကျွန်မအနေနဲ့အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ် ၊ ကြိုလည်းကြိုဆိုပါတယ် ၊ ယခုလို ကျောင်းသားမိဘတစ်ယောက်အနေနဲ့ရော ဆရာမတစ်ယောက် အနေနဲ့ပါ ဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ-ခိုင်မိုးမင်း(ပြန်/ဆက်)
ဓါတ်ပုံ-မောင်မောင်