အခြေခံပညာကျောင်းများမှ အသက်၁၂နှစ်ထက်ကျောင်းသား/သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ကျောင်းသားမိဘများနှင့် တွေ့ဆုံမေးမြန်း

မာန်အောင် အောက်တိုဘာ ၇

 

မေး။     ညီမရဲ့အမည်နှင့် နေရပ်လိပ်စာကို​သိပါရစေရှင့်။

ဖြေ။  ကျွန်မအမည်ကတော့ ဒေါ်နန္ဒာစိုးပါ၊မာန်အောင်မြို့၊ရန်အောင်မြင်ရပ်ကွက်၊ဘောလုံးကွင်းလမ်း၊ ဝန်ထမ်းအိုးအိမ်မှာနေပါတယ်။

မေး။     ညီမကဝန်ထမ်းလား ကုန်သည်လား ဘာအလုပ်လုပ်ပါလဲရှင့်။

ဖြေ။     ကျွန်မက မာန်အောင်မြို့နယ်၊ ပြည်တွင်းအခွန် ဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဖြစ်ပါတယ်။

မေး။   ညီမရဲ့ကလေး ပညာသင်ကြားနေတာရှိရင် အသက်၊ ကျောင်းနာမည်နှင့် အတန်းကိုသိပါရစေရှင့်။

ဖြေ။   ကျွန်မရဲ့သား အသက်က(၁၂)နှစ်ပါ၊ မာန်အောင်မြို့၊ အထက(ခွဲ)စျေးတန်းကျောင်းမှာ Grade-6 တန်းတွင် သင်ကြားနေပါတယ်။

မေး။  အခုအခါမှာ နိုင်ငံတော်ရဲ့အစီအစဥ် နှင့်အခြေခံပညာကျောင်းတွေမှာ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေးမယ်လို့ ကြော်ငြာထားတယ် အဲဒီ အပေါ်မှာ ညီမရဲ့အမြင်လေးကို ကြားသိချင်ပါတယ်ရှင့်။

ဖြေ။   နိုင်ငံတော်ရဲ့အစီအစဥ်နှင့်အခြေခံပညာကျောင်းတွေကအသက်(၁၂)နှစ်အထက် ကျောင်းသား/သူ တွေ ကိုCOVID-19ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဟာ အလွန်ကောင်းပါတယ်၊ ကာကွယ်ဆေးထိုးနှံ ခြင်းအားဖြင့်ကလေးတွေရဲ့ကျန်းမာရေးကိုကာကွယ်ပေးလို့ ပညာရေးကိုဆက်လက်သင်ကြား နိုင်မှာ ဖြစ်တဲ့ အတွက်အခြေခံပညာကျောင်းတွေကိုပြန်လည်ဖွင့်လှစ်နိုင်မှာ၊အဲဒါကြောင့် ဒီCOVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ကျောင်းသားမိဘတစ်ယောက်အနေဖြင့်အရမ်းဘဲကျေနပ်မိပါတယ်။

မေး။  အခြေခံပညာကျောင်းတွေမှကာကွယ်ဆေးထိုးနှံရန်ဆောင်ရွက်နေမှု အပေါ်ကျောင်းသားမိဘ တစ်ဦးအနေဖြင့် ပူးပေါင်းပါဝင်မယ့် အစီအစဥ်ကို သိပါရစေရှင့်။

ဖြေ။ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးရန် ဆောင်ရွက်နေမှုအပေါ် ကျောင်းသား မိဘတစ်ဦးအနေနဲ့ လိုအပ်တဲ့ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာပါ၊အခြားကျောင်းသား မိဘ များကိုလည်းပူးပေါင်း ပါဝင်ဖို့နှိုးဆော်သွားမှာပါ။

မေး။ အခုလို မိမိရဲ့ရင်သွေး ကလေးငယ်တွေ ကိုကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်နိုင်တဲ့ အပေါ်ပီတိ စကားသံလေး ကြားချင်ပါတယ်ရှင့်။

ဖြေ။ မိမိရဲ့ကလေးရင်သွေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံတော် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်၊ ကိုယ့်ရင်သွေးအပါအဝင်တခြားသားငယ် သမီးငယ်များ အတွက်ပါ ကျန်းကျန်းမာမာနဲ့ ပညာကိုဆက်လက် သင်ကြားနိုင်မှာဖြစ်တဲ့အတွက် စိတ်ကူးနဲ့တွေးပြီး ဝမ်း သာပီတိဖြစ်မိပါတယ်။

မေး။     သားသားအမည်နဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။

ဖြေ။     သားသားရဲ့ အမည်ကဘုန်းမြတ်စိုးပါ၊အသက်က(၁၂)နှစ်ရှိပါပြီ။

မေး။     ဘယ်နှစ်တန်း တက်နေလဲ၊ဘယ်ကျောင်းမှာလဲ။

ဖြေ။  သားသားကGrad-6 ပါ၊အထက(ခွဲ)စျေးတန်း၊ မာန်အောင်မြို့တွင်တက်ရောက် ပညာသင်ကြား နေပါတယ်။

မေး။  အခု သားသားတို့ စာသင်ကျောင်းမှာCOVID-19 ကာကွယ်ဆေး ထိုးနှံပေးတော့မှာဆိုတော့ သားသား ကာကွယ်ဆေးထိုးမှာလား။

ဖြေ။     သားသားက ကာကွယ်ဆေး ထိုးနှံပါမယ်။

မေး။    သားသားတို့ကို ကာကွယ်ဆေးထိုးနှံပြီးရင် ကျောင်းတွေပြန်ဖွင့်မှာ ဆိုတော့ ကာကွယ်ဆေးထိုးနှံ ရင်ရောဂါကူးစက်မှုအတွက်ဘယ်လို ယုံကြည့်ချက်တွေရှိမလဲ။

ဖြေ။ ကာကွယ်ဆေးထိုးနှံ ပြီးရင်ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ ရောဂါကူးစက်မှုကို ကာကွယ် နိုင်လိမ့်မယ်လို့ သားသားယုံကြည်ပါတယ်။

မေး။  COVID-19 ကာကွယ်ဆေးထိုးနှံပေးမှု အပေါ်သားသားရဲ့သူငယ်ချင်းတွေကို ဘယ်လိုမျှဝေပေးချင် ပါသလဲ၊ သူတို့တွေကို ကာကွယ်ဆေးထိုးဖို့ ဘယ်လို တိုက်တွန်းချင်ပါလဲ။

ဖြေ။  သားသားအပါအဝင် အသက်(၁၂)နှစ်ပြည့်ပြီဖြစ်တဲ့ သားသူငယ်ချင်းတွေကိုပါ ကာကွယ်ဆေးထိုးနှံ ဖို့တိုက်တွန်းပါမယ်၊ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထိုးပြီမှသာ သားသားတို့ကျောင်းတွေ ပြန်ဖွင့်နိုင် မှာဖြစ်တဲ့အတွက် သားတို့သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီးဆုံတွေ့ရမှာဖြစ်တယ်၊ ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့တိုက်တွန်းပါမယ်။

မေး။      သားသားအနေဖြင့် ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။

ဖြေ။ သားသားအနေနဲ့​ ဖြည့်စွက်ပြောချင်တာတော့ဒီကာကွယ်ဆေးကို မေမေတို့ဝန်ထမ်းတွေကို စပြီးထိုးနှံကတည်းကပင် သားသားတို့အရွယ်ကိုလည်း ဒီကာကွယ်ဆေးထိုးနှံပေးရင် ကောင်းမှာဘဲဆိုပြီး စိတ်ကူးထဲရှိခဲ့ပါတယ်၊ အခုသားတို့အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို အောက်တိုဘာလ ဒုတိယပတ်မှာ ကာကွယ်ဆေးထိုးနှံရတော့မယ်လို့ဆရာ/ဆရာမတွေဆီက သိလိုက်ရတော့ အတိုင်း မသိ ဝမ်းသာမိပါတယ်။

 

 တွေ့ဆုံမေးမြန်းသူ-ကြည်ကြည်ဝင်း ၊ သိန်းဖေ