ပုဏ္ဏားကျွန်း အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းနှင့် ဘုန်းတော်ကြီးကျောင်း များ၌ (ယာယီ)လာရောက်ခိုလှုံနေကြသော အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သက်ဆိုင်ရာနေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပုဏ္ဏားကျွန်း စက်မှုဇုံကယ်ဆယ်ရေးစခန်း၊ အောက်သင်ပုန်းတန်း၊ ဖားကြွယ်၊ အထက်မြတ်လှဲ၊ ဗန်းဗွီး၊ ကွန်းတောင်၊ ခွေးသေ၊ ခေမာရာမ ဘုန်းကြီးကျောင်း၊ ဓမ္မဏ္ဍိုင်ဘုန်းကြီးကျောင်း၊ အလယ်ချောင်း ဘုန်းကြီးကျောင်းနှင့် ယိုးငူဘုန်း ကြီးကျောင်းတို့၌ အသက်(၁၈)နှစ်အထက် တိုက်ပွဲရှောင် ပြည်သူ(၃၅၈)ဦးတို့ကို ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်ပမာဏတိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ ဝင်များကြီးကြပ်ပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာစခန်းတာဝန်ခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် Volunteer ပရဟိတစေတနာ့ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)