ဖျာပုံမြို့၌ (၄)မြို့နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ ဘဝမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Oct 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး၊ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်၍ ဖျာပုံခရိုင်အတွင်း(၄)မြို့နယ်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများဘဝမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ဆရာဇော်ဂျီရာ ပြည့်စာကြည့်တိုက်တိုးချဲ့ဆောင် ခန်းမ၌ ကျင်းပသည်။