ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့်ဒုတိယအုပ်စု(Sinopharm) ကာကွယ်ဆေးပထမအကြိမ် ထိုးနှံနိုင်ရေး စကောကရင်၊မြန်မာဘာသာတို့ဖြင့်နှိုးဆော်ခြင်းများ ဆောင်ရွက်

ကမမောင်း  -  အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက် ကြရန် အသိ ပညာပေး နှိုးဆော်ခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအုပ်စုအနေဖြင့် first dose ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ်( ၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ထိုသို့ နှိုးဆော်ရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ် မနေအရေးကြီးကိစ္စများ၊ သွားလာရာ၌ပါးစပ်နှင့် နှာခေါင်းစည်းMaskများစနစ်တကျ တပ်ဆင် သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက် ကြရန်၊ ကူးစက် ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့်ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ကိုထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့်ထိုးနှံပေးမည့်နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍အသိပေး တိုက်တွန်းနှိုးဆော်ချက်များကို စကောကရင်၊မြန် မာဘာသာတို့ဖြင့် ကြေငြာပေးခဲ့ကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)