သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင် ဦးဆောင်၍ ဒေသဦးစီးအဖွဲ့ကိုယ်စားလှယ် ဦးကြူးစီးထောင်နှင့် ကျန်းမာရေး၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ဦးစီးဌာန၊ ပြန်/ဆက်၊ အုပ်စု/ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကွင်းဆင်း ဆောင်ရွက် ဖြန့်ဝေ
Oct 08,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အောက်တိုဘာလ(၈)ရက် နံနက်(၇:၀၀)နာရီက ဆိပ်ကမ်း လမ်းဆုံနှင့် မြို့မဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများတွင် Yellow Sticky Trap ထောက်ချောက်တပ်ဆင်
Oct 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၌ စပါးပင်တွင် ကျရောက်တတ်သော ဖြုတ်၊ ဆစ်ပိုး၊ နှံစုပ်ပိုး အစရှိသည့် ပိုးမွှားများရန်က ကာကွယ်နိုင်ရန် Yellow Sticky Trap ထောင်ချောက်များ အောက်တိုဘာလဆန်းတွင် စတင်ထားရှိကြောင်း သိရသည်။
သပိတ်ကျင်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကွင်းဆင်း ဆောင်ရွက် ဖြန့်ဝေ
Oct 08,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အောက်တိုဘာလ(၈)ရက် နံနက်(၇:၀၀)နာရီက ဆိပ်ကမ်း လမ်းဆုံနှင့် မြို့မဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အသက်(၁၈)နှစ်ပြည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ မြို့ပေါ် (၃)ရပ်ကွက်၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ပန်ဆောင်မြို့ နောင်ရမ်းခန်းမ၌ အသက်(၁၈)နှစ်ပြည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့၌ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးချက်နှင့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်လိုက်လံနှိုးဆော်
Oct 08,2021
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့ပေါ်ရှိရပ်ကွက်များအတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ
Oct 08,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက ပခုက္ကူမြို့ထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတွင် စုရပ်(၃)ရပ်ဖြင့် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ပန်ဆောင်မြို့တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့‌ကြေးငွေပေးအပ်
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ပန်ဆောင်မြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေးငွေများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက ထုတ်ပေးခဲ့‌ကြောင်း သိရသည်။