မြဝတီ အောက်တိုဘာလ ၈
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထား ခြင်းမရှိ အသက်(၁၈)နှစ်အထက်ရှိသူများအား ပဉ္စမအသုတ် ပထမအကြိမ်ပထမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့သည်။
မြဝတီမြို့နယ်အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်အဖြစ် ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ပြီး ပဥ္စမအသုတ်ပထမ အကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးခြင်းကို အသက်(၁၈)နှစ် အထက်ရှိသူများအား သတ်မှတ်ထား သည့် ဆေးထိုးစုရပ်(၅)နေရာ၌ ယနေ့အောက်တို ဘာလ(၈)ရက်နေ့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)