မိုးညှင်းမြို့၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုးညှင်း   အောက်တိုဘာ   

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်လွန်းနန်းထွေးက အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မိုးညှင်းမြို့နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က မသန်စွမ်းအမျိုးအစားများကိုလည်းကောင်း၊ မသန်စွမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များကို လည်းကောင်း၊ မသန်စွမ်းဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်၍ ရပိုင်ခွင့်နှင့် အခွင့်အလမ်း များကိုလည်းကောင်း၊ မိုးညှင်းမြို့နယ်အတွင်း မသန်စွမ်းအသင်းဝင်များ၊ ထောက်ပံ့ပေး အပ်မှုများနှင့် လှုပ်ရှားဆောင်ရွက်နေမှု အကြောင်းအရာများကိုလည်းကောင်း ဆွေနွေးပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးမှူးက မသန်စွမ်းနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို ထပ်မံဆွေးနွေးပြောကြားကာ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

         

ဇွဲသူရအောင်