မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ဆေးမထိုးရသေးသူ(၁၅၀၀၀)ဦးအား ဆက်လက်ထိုးနှံပေး

မြိတ်    အောက်တိုဘာ    ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမ အကြိမ်အဖြစ် ဦးစားပေး အစီအစဉ်အလိုက် ဆေးမထိုးရသေးသူများကို ကာကွယ်ဆေး ထိုနှံပေးလျက်ရှိရာ ယမန် နေ့က ရောက်ရှိလာသည့်   ကာကွယ်ဆေး များဖြင့် လူဦးရေ(၁၅၀၀၀) ဦးအား  ယနေ့တွင်  ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး မထိုးသေးသူများအား ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးရမည့် သူများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့များကို သတ်မှတ်ရက်အလိုက် လိုက်လံအသိပေး အကြောင်းကြားပေးလျက်ရှိ ပြီး ကာကွယ်ဆေးကို ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ယနေ့တွင် အထက(၁)ကျောင်းခန်းမ၊ အထက(၃)ကျောင်းခန်းမ၊ သားဖွားသင်တန်းကျောင်းခန်းမနှင့် ခရိုင်အားကစားခန်းမတို့တွင် ထိုးနှံပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များက  ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မြိတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး  Sinopharm ကို ပထမအသုတ် ပထမအကြိမ်တွင် လူဦးရေ (၉၃၅၄) ဦးနှင့် ဒုတိယအကြိမ် တွင် လူဦးရေ စုစုပေါင်း(၈၅၀၇)ဦးကို ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယအသုတ် ပထမ အကြိမ်အဖြစ်(၂၀၉၄၀)ဦးကို ထိုးနှံပေးပြီးဖြစ်ကာ ယမန်နေ့က ရောက်ရှိလာသည့် (၁၅၀၀၀)ဦးအတွက် ဆေးများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။       

ခိုင်ထူး  ( မြိတ် )