လှိုင်းဘွဲမြို့နယ် မြို့မပရိယတ္တိစာသင်တိုက်တွင် ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း

 

လှိုင်းဘွဲ      အောက်တိုဘာလ-၈

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) ကွပ်ကဲမှုအောက်ရှိတပ်ရင်း/ တပ်ဖွဲ့ဝင်များ၊ အရာရှိစစစ်သည် မိသားစု ဝင်များက မြို့မပရိယတ္တိစာသင်တိုက်ရှိ ရဟန်း/သံဃာများအတွက် နေ့လည်ဆွမ်းနှင့်  ဆွမ်းဆန်/ဆီ/ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နေ့လည်ပိုင်းက ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည် မိသားစုများက မြို့မပရိယတ္တိစာသင်တိုက်ရှိ ရဟန်း/သံဃာများ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်/ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရဟန်း/သံဃာ(၃၀)ပါးအား နေ့ဆွမ်းကိုလည်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)