ရွာငံ အောက်တိုဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ခြင်းကို ဆေးထိုးအုပ်စု ငါးအုပ်စုဖြင့် ယနေ့မှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ၊ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ စသည့်ပြည်သူများ ကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးနှံရာတွင် မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စု ဇယား တစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် စာရင်းရေး သွင်းရာတွင် မှန်ကန်လွယ်ကူစေရန် ရွာငံမြို့နယ် မြို့ဦးမဂ်လာကျောင်းကြီး၊ ရေဦး (အ.ထ.က)၊ မြိုင်(အ.ထ.က)၊ မြင်းကျဒိုး(အ.ထ.က)နှင့် မြို့ကြီးဓမ္မာရုံဟူ၍ ဇုန် ၅ ဇုန် သတ်မှတ်စုရပ်အနေဖြင့် Sinopham ဆေးလုံးရေ၁၀၀၀လုံးကို တစ်လုံးလျှင် လူ ၅ ဦးနှုန်းဖြင့် လူဦးရေစုစုပေါင်း ၅၀၀၀ ဦးအား အညီအမျှ ခွဲဝေထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံမှုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းလည်း သိရသည်။
ပြည့်ဖြိုးသန့်