ဇေယျာသီရိ အောက်တိုဘာ ၈
ဦးစိုးတင့်
ဇေယျာသီရိမြို့နယ် ၊ ပြည်စံအောင်ရပ်ကွက်
ကျွန်တော်စဖြစ်တာက ဆေးရုံမှာ ကျွန်တော့်သားကို ဆေးရုံစောင့်ရင်းကနေကူးခဲ့ရတာ၊ သားမှာတော့ မတွေ့ဘူး ကျွန်တာ်ပဲ positive ဖြစ်တာ၊ ဖြစ်ပြီးရင်ဘတ်တွေအောင့်တယ် အသက်ရှူကြပ်တယ်၊ ချောင်းလည်း ဆိုးတာပဲ စုံနေရောဗျာ၊ သုံးရက်လောက်တော့ တော်တော်လေးခံလိုက်ရတယ်၊ အသက်ရှူကြပ်ပေမဲ့အောက်ဆီ ဂျင်ထိုးကျတဲ့အထိတော့ ဖြစ်မသွားဘူးဗျ၊ ဖြစ်ပြီးဆိုတော့ဘာတတ်နိုင်မှာလဲ၊ ဆေးရုံမှာဆရာမတွေလည်း ကောင်းပါတယ် မနက်ဆိုရင် အဖျားတိုင်းတယ်၊ အောက်ဆီဂျင်တိုင်းတယ်၊ အားဆေးတွေလည်း တိုက်ပါတယ်၊ သူတို့ကလေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်ဗျ၊ အသက်ရှူလေ့ကျင့်ခန်းပေါ့ဗျာ၊ သုံးရက်လောက် ခံစားပြီးခြောက် ရက်လောက်နေတော့ ပြန်ပြီးသက်သာလာတယ်၊ ကျွန်တော်က ဖြစ်တုန်းက ကာကွယ်ဆေးမထိုးရသေးဘူး၊ ခုတော့ထိုးထားပါပြီ၊ ကျွန်တော်တို့လည်း ကြားတာပေါ့ဗျာ ကာကွယ်ဆေးက ရာနှုန်းပြည့်မကာကွယ်နိုင်ပေမဲ့ ကာကွယ်ဆေး ထိုးထားရင် ရောဂါဒဏ်ကိုပိုခံနိုင်ရည်ရှိတယ်ဆိုလို့ ခုတော့ကျွန်တော်လည်း ထိုးထားပါပြီ ၊ နိုင်ငံတော်အစိုးရကိုလည်း ပြည်သူတွေအတွက် ခုလိုကာကွယ်ဆေးတွေ နေ့စဉ်မပျက် ထိုးပေးနေတော့ အလွန်ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
ဦးအောင်နိုင်
ဇေယျာသီရိမြို့နယ် ၊ ပြည်စံအောင်ရပ်ကွက်
ဖြစ်တာက ကျွန်တော်ကနေ စဖြစ်တာမဟုတ်ဘူးဗျ၊ ကျွန်တော့် အမျိုးသမီးကနေ စဖြစ်တာ၊ ကျွန်တော်လည်း ကူးပြီပေါ့၊ အမျိုးသမီးနေမကောင်းဖြစ်တာကနေစစ်ကြည့်တော့ positive ဖြစ်ရော၊ သူဖြစ်တော့ ကျွန်တော်တို့ပါ ကွာရန်တင်းဝင်ရတာလေဗျာ၊ ကွာရန်တင်း ဝင်တာ ကတော့ မဏိရတနာကျောက်မျက်ခန်းမမှာ ဝင်တာ ၊ အဲ့ဒီမှာတော့ ကိုယ့်လို လူနာတွေပေါမှပေါဗျာ၊ ရောဂါကိုမကြောက်ပါဘူး ကျွန်တော်ကကျွန်တော့မိသားစု ပဲစိတ်ပူတာ၊ ဒီမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုကကောင်းတယ်၊ ဆရာ/ဆရာမတွေလည်းသဘော ကောင်းတယ်၊ နေ့စဉ်ပေါ့နော် ကျန်းမာရေးစစ်ဆေးချက်တွေလုပ်တယ် ၊ ကျွန်တော်က positive တာဖြစ်တာ ဘယ်လိုမှမနေဘူးလေ၊ အနံ့ပျောက်တာလောက်ပဲဖြစ်တာ၊ ကာကွယ်ဆေးက ထိုးပြီးသား၊ စပြီးထိုးကတည်းကထိုး ထားတာ ၊ ကာကွယ်ဆေးကြောင့် ဒီလောက်ခံနိုင်ရည် ရှိတာဖြစ်မယ်၊ ပြည်သူလူထုတွေကို ကာကွယ်ဆေး ထိုးစေချင်တယ် ၊ ဒါမှလည်းဒီရောဂါကိုအမြန်ဆုံး အဆုံးသတ်နိုင်မှာပါ။
မြို့နယ်(ပြန်/ဆက်)