တန့်ယန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးနေမှုအား ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း အမှတ်(၄)ရပ်ကွက်ရုံးရှေ့၌ ဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့် အညီ ''ပန်းခင်း'' စီမံချက်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ ပါရှိသော လက်ကမ်းစာစောင်(၁၅၀)ကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)