မိုင်းယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံ

မိုင်းယန်း    အောက်တိုဘာ    ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေး ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေး ပေးခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်ကျေးရွာများအတွင်း လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြပေး လိုက်ရပါသည်။

ဒေါ်ဌေးတင် (မိုင်းယန်းမြို့နယ်၊ မောက်မိုင်ရပ်ကွက်၌ နေထိုင်သူ)

“ကျွန်မရောဂါ စဖြစ်တာကတော့ ချောင်းဆိုးတာ ၂ ရက် ၃ ရက် လောက်မှာ နှာစေးပြီး နောက်တစ်ရက်ကျတော့ နှာခေါင်းပိတ်၊ ပထမအသက်ရှုလို့ရတယ် ညအိပ်ချိန်ရောက်တော့ အနံ့မရဘူးဖြစ်လာတယ်၊ ရောဂါကူးစက်တာကတော့ ဘယ်မှမသွား၊ မလာဘူး ကိုယ့်မှာ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိတော့ အဲဒါကြောင့်မို့ နည်းနည်းလေးသွားလာလိုက်တာနဲ့ ကူးလာတာ ဈေးလဲ တစ်ခေါက်ပဲသွားပါတယ် ရောဂါပိုးတွေ့တော့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်၊ ဆရာဝန်ကြီးကတော့  ဂရုတစိုက်နဲ့ ကုသပေးပါတယ် ဘာမှမဖြစ်ဘူး အားမငယ်ဖို့၊ အာဟာရပြည့်ဝ လာလို့ရှိရင် ဒီရောဂါကခဏလေးပျောက်သွားမှာပါ အားပေးစကားပြောပေးပါတယ် သွေးတိုးချိန် တယ်၊ ဆေးပေးပါတယ်၊ ဆရာဝန်ကြီးကတော့ စိတ်ထားတအားမွန်မြတ်လှပါတယ် ကိုယ့်ကိုကိုယ် ကတော့ ဆရာဝန်ပေးတဲ့ဆေးသောက်ပါတယ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပါတယ် အိပ်ရေးဝဝအိပ်ပါတယ် စိတ်ဓါတ်မကျပဲ စိတ်ဓါတ်ခိုင်မာစွာနဲ့နေလာခဲ့လို့ ခဏလေးနဲ့ သက်သာပါတယ်၊ တခြားလူတွေကို ကူးစက်မှုမခံရအောင် အိမ်ထဲကနေမလိုအပ်ရင် မထွက်ဖို့၊ ထွက်ရင်လဲ(Mask)တပ်ဖို့၊ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ လိုက်နာဖို့လိုပါတယ်၊ မကြာခဏလက်ဆေးဖို့လိုပါတယ် အသွားအလာမှာလည်း ဆင်ချင်ဖို့ လိုပါတယ်”ဟု ပြောကြားသည်။

ခွန်ရဲထွေး(ဆီဆိုင်)