သတင်းများ

သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ
Oct 10,2021
 ရန်ကုန်တိုင်းဒေသကြီး‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊    ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊   ပရဟိတအဖွဲ့များနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန် အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ ရပါတယ်-
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဈေးပြန်လည်မြင့်တက်လာသဖြင့် ကြက်သွန် လှောင်ထားသည့် တောင်သူများအဆင်ပြေလျက်ရှိ
Oct 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဈေး ပြန်လည်မြင့်တက် လာသဖြင့် ကြက်သွန်စိုက်တောင်သူများအနေဖြင့် ကြက်သွန်လှောင်ထားသည့် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအသုတ်တွင် တစ်ကြိမ်မျှထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံပေး
Oct 10,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယခု တတိယအသုတ် ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်​နေရှိ​သော ၁၈နှစ်အ​ထက် မည်သူမဆို တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ဆေးမထိုးရသေးသူများအား ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံခြင်းများကို ယ‌မန်နံနက် ၈နာရီကမြို့နယ်အတွင်း ကျေးရွာများတွင် သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Oct 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ စုစုပေါင်းလူဦးရေ(၂၀၀၀)ဦးအတွက် ဒုတိယအသုတ် ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် အောက်တိုဘာလ(၁၀)ရက်နေ့ တွင် မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုလျော့နည်း ကျဆင်းလာ
Oct 10,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် လျော့နည်းကျဆင်းလာကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
ရသေ့တောင်မြို့၌ အများပြည်သူအသိပညာဗဟုသုတတိုးပွားစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Oct 10,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အများပြည်သူအနေဖြင့် အသိပညာဗဟုသတတိုးပွားစေရေးနှင့် စာအုပ် စာပေများကို ဖတ်ရှု့သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာပီပလက်ဖောင်းအဖွဲ့တို့ပူးပေါင်း၍ ရွေ့လျားစာကြည့် တိုက်စနစ်ဖြင့် စာအုပ် စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ရသေ့တောင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
သံတွဲမြို့နယ်၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိ
Oct 10,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP))အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ ကာကွယ်ဆေးမထိုးရသေးသည့်အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ် ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၀ရက်နံနက် ၈နာရီမှညနေ ၄နာရီခွဲအထိ စတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာကျန်းမာရေး ဌာန ဆေးထိုးစင်တာ(၁၀)ခုတွင် ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံ
Oct 10,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြည်သူ ၁၄၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOPHARM) ဒုတိယအသုတ် (ပထမအကြိမ်)ကို ဒုတိယနေ့အဖြစ် ယမန်နေ့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။