သတင်းများ

မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 10,2021
မ​ကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ် တားဆီး နိုင်ရေးအတွက်  သက်ဆိုင်ရာနယ်မြေစုရပ်များအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ ထိုနှံပေးရာ  ဦးတည်အုပ်စုများတွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၊  မသန်စွမ်းသူများ၊ နာတာရှည်နရောဂါရှိသူများကို ယမန်နေ့နံနက် ၉ နာရီမှညနေ  ၄ နာရီအချိန်အထိ ပြည်သူ့ကျန်း မာရေးဌာနမှ  ဝန်ထမ်းများက  သတ်မှတ်စုရပ်ဖြစ်သည့်  မြို့သစ်မြို့အမှတ် (၁)အခြေခံပညာ အ ထက်တန်းကျောင်း (ရတနာခန်းမ)တွင် ပထမအကြိမ်အနေဖြင့် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး မကွေးမြို့ ပြည်တော်သာရပ်ကွက်နှင့် အလယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နို်ငငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး
Oct 10,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မကွေးမြို့ ပြည်တော်သာရပ်ကွက်နှင့် အလယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ အသက်(၄၅)နှစ် အထက်ရှိ သူများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူ(၁၅၂၆)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး
Oct 10,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများရှိ ခိုလှုံနေကြသည့် အသက်(၄၅)နှစ်အထက်ရှိသူများနှင့် ဦးတည်အုပ်စုများတွင်ပါဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီးတွင် အောက်တိုဘာ ၇ ရက်နေ့မှစ၍ နံနက်၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍  ကျောင်းသားမိဘ ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံမေးမြန်း
Oct 10,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍  ကျောင်းသား မိဘ၊ ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများ တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  ထိုသို့တွေ့ဆုံမေးမြန်းရာတွင်-
ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ
Oct 10,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူတစ်ဦး၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း
Oct 10,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ် ပညာရေးမှူးတို့အား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများ တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ထိုသို့တွေ့ဆုံမေးမြန်းရာတွင်-
ပေါက်တောမြို့၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ် စတင်ထိုးနှံ
Oct 10,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် သာသနာ့ဗိမာန်စုရပ်နှင့် မြို့နယ်အား ကစားခန်းမစုရပ် နှစ်နေရာတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက စတင်ထိုးနှံ ပေးသည်။
ကွမ်းလုံမြို့နယ်တွင် "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
Oct 10,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် "ပန်းခင်းစီမံချက်"ဖြင့် ယမန်နေ့နံနက် ၁၁နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။