သတင်းများ

ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ်ထိုးနှံပေး
Dec 17,2021
ကျိုက်ထိုမြိုနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ဒုတိယအသုတ်(ပထအကြိမ်)ကို ယနေ့ နံနက်ပိုင်းတွင် အထက(၁)ကျောင်း၌ ထိုးနှံပေးခဲ့သည်။
မိုင်းလုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထီးချိုင့်မြို့၌ ကိုဗစ်−၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်( Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ ကိုဗစ်−၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက်  ယနေ့နံနက်ပိုင်း မြို့မစည်ပင်သာယာဈေးအတွင်းတွင် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Dec 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
တောင်တွင်းကြီး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆု ပေးအပ် ချီးမြှင့်ပွဲကျင်းပ
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတေင်းမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီ သီးနှံချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Dec 17,2021
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ သီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ အထိ၊ ကျေးရွာအုပ်စု(၅) အုပ် စုမှ တောင်သူ(၃၁၉)ဦးတို့အား ဆောင်းသီးနှံချေးငွေ စုစုပေါင်း (၉၈၅.၅၀)သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဆောင်းရာသီ သီးနှံများ စတင်စိုက်ပျိုးလျက်ရှိ
Dec 17,2021
မိုးစပါးရိတ်သိမ်းပြီးချိန်အတွင်း ဆောင်းရာသီ သီးနှံများဖြစ်သည့်မြေပဲနှင့် ပဲအမျိုးမျိုးဆီထွက် သီးနှံများဖြစ်သည့်နေကြာစိုက်ခင်းများအား မိုးရာသီကုန် ဆောင်သီးနှံများစိုက်ပျိုးခြင်းကို တောင်သူများက ဒီဇင်ဘာလ ပထမပတ်က စတင်၍ စိုက်ပျိုးနေပြီးဖြစ်ကြောင်း ကညှော်ကျေးရွာနေဆောင်းရာသီ စိုက်ပျိုးသူတစ်ဦးမှသိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းအိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် ပြည်သူများနေအိမ်ပြင်ပ ထွက်တိုင်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေးအသိ ပညာပေး (MaskCamapaign) ကို ယနေ့ နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော အမှတ် (၂၅)ရပ်ကွက်ရှိ အမှတ်(၁)စျေးအတွင်း ဆောင်ရွက်ခဲ့သည်။