သုံးခွ အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန် အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ ရပါတယ်-
ကိုထွန်းလင်း(မြို့နယ်ကြက်ခြေနီတပ်ဖွဲ့)
ကျွန်တော်ကတော့ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ မှတပ်ဖွဲ့ဝင် စေတနာ့ဝန်ထမ်း ကိုထွန်းလင်းဖြစ်ပါတယ်။ ယခုတတိယလှိုင်းစတင်ဖြစ်ပေါ်ခဲ့တဲ့ ဇွန်လ(၁)ရက် ကတည်းကျွန်တော်တို့ သုံးခွမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နဲ့အတူ မြို့နယ် အတွင်းမှာရှိသော ပြည်သူများအတွက် ကိုဗစ်ဆိုင်ရာသတိပေးဆောင်ရွက်တာတွေ ဖြစ်တဲ့ ပညာပေးပိုစတာကပ်ခြင်း၊လူစည်ကားတဲ့နေရာတွေဖြစ်မှာ ဌာနဆိုင်များနှင့် ပူးပေါင်းပြီး Mask ဖြန့်ဝေပေးခြင်း၊ ပြည်သူတွေကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့နည်း ကျဆင်းစေဖို့နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ကိုဗစ် ရောဂါ ကာကွယ်ရေးအသိပညာပေးနည်းလမ်းတွေ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းတွေကို လိုက်နာပြီးပူးပေါင်းဆောင်ရွက်ကြဖို့အတွက် ကျွန်တော်တို့ စေတနာ့ ဝန်ထမ်းကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ မြို့နယ်အတွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ပေး
ခြင်း၊ ရောဂါပိုးကူးစက်ခံရသူတွေကို ဆေးဝါးကုသမှုခံယူနိုင်ဖို့ ပြည်သူ့ဆေးရုံနဲ့ ချိတ်ဆက်ဆောင်ရွက်တာ၊ စင်တာပို့ပေးတာ၊ ပိုးကူးစက်ခံရတဲ့ နေအိမ်နဲ့ နေအိမ်ပတ်ဝန်းကျင်တွေကို ပိုးသတ်ဆေးဖြန်းတာတွေနဲ့ ကူးစက်မှုမြင့်တက်လာတဲ့ ရပ်ကွက်၊ကျေးရွာတွေကို သွားရောက်ပိုးသတ် ဆေးဖြန်းတာ၊ အောက်စီဂျင်အိုး သွားရောက်တပ်ဆင်ကူညီပေးတာတွေ ကူညီနိုင်ခဲ့ပါတယ်။ နောက်ပြီး ကိုဗစ်စင်တာ မှာ စေတနာ့ဝန်ထမ်းသွားရောက်ကူညီပေးတွေအပြင် စင်တာမှရက်ပြည့်လို့ ကိုဗစ်ကို အနိုင်ယူပြီးနေအိမ်ပြန်မည့်သူတွေကို ကြက်ခြေနီသူနာတင်ယာဥ်ဖြင့် နေအိမ် ပို့ဆောင်ကူညီတာတွေလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိုယ်ဆီကနေ သူများကိုမကူးစက် နိုင်အောင် ကာကွယ်ဆေးကိုလည်း ထိုးနှံထားပေမယ့် ယခုတတိယလှိုင်းက ပိုပြင်း ထန်တော့ အချိန်မရွေးရောဂါ ကူးစက်ခံရမှာကိုတော့သတိကြီးကြီးထားပါတယ်။
သတိလည်းထားပြီးလုပ်ကိုင်သလို၊ ကြက်ခြေနီမှချမှတ်ထားတဲ့ ကိုဗစ်ကာလအတွင်း ဆောင်ရွက်သင့်တဲ့လမ်းညွန်ချက်တွေနဲ့အညီ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ရင်း သူများကိုလည်းကူညီဆောင်ရွက်ပေးပါတယ်။
တစ်နေ့တာကူညီဆောင်ရွက်မှုတွေပြီးလို့ အနားယူတဲ့အချိန်မှာ ရုတ်တရက် ကိုယ်ပူ ချိန်မြင့်လာသလို၊ ကိုက်ခဲတာတွေရှိလာတယ်၊ နောက်မနက်မှာ အနံ့မရတော့ဘူး။ ကိုယ်ဗစ်ကူးစက်ခံရမှန်းသိလိုက်တော့ ကြက်ခြေက ဆရာတွေလုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်မိသားစုတွေကိုအသိပေးခဲ့ပါတယ်။ အဲ့နောက်ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ( မိုးကုတ် ဝိပဿနာ)ကိုဗစ်-၁၉ထိန်းချုပ်ကုသ ရေးစင်တာမှာ RDT နဲ့စစ်ဆေး လိုက်တော့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိတဲ့အတွက်ကြောင့် ကိုဗစ် စင်တာ(မိုးကုတ်ဝိပဿနာ) မှာ(၁၄) ရက် ဆေးကုသမှုခံယူခဲ့ပါတယ်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်မှာ အရသာပျောက်သွားတဲ့အတွက်အစာ စားချင် စိတ်မရှိဘဲ လုံးဝ စားလို့မရပါဘူး၊
ဖျားတော့မဖျားပါဘူး၊ ဒါပေမယ့် ကိုယ်တိုင်က စေတနာ့ ဝန်ထမ်းဖြစ်နေတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် အားမငယ်ဘူး ရင်ဆိုင်မယ်ဒါမှ ပြည်သူများကိုလည်း ကူညီစောင့်ရှောက်နိုင်မှာဆိုတဲ့စိတ်ကိုမွေးပြီး အစားကိုဝင်အောင် သေချာစားပါ တယ်၊ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်။ ဒီလိုနဲ့စားချိန် သောက်ချိန်၊ အိပ်ချိန်ကို စနစ်တကျနေထိုင်စားသောက်ခဲ့တဲ့ အတွက် ပြန်လည်ကျန်းမာပြီး နေပြန်ကောင်းလာပါတယ်၊ မိဘပြည်သူများကို ကိုဗစ်- ၁၉ ရောဂါပိုး မကူးစက်ခံရဖိုနဲ့ မဖြစ်ပွားစေဖို့ သတိပြုစေချင်တာကတော့ အချိန်မှန် အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ လူတိုင်းကူးစက်ခံနိုင်ရလို့ ဘယ်သွားသွား mask ကိုတပ်ပါ။မကြာခဏ လက်ဆေးပါ၊ကိုဗစ် -၁၉ ရောဂါ သံသယ လက္ခဏာဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကု သမှု ခံယူကြဖို့တိုက်တွန်း အပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
မြို့နယ် (ပြန်/ဆက်)