ကျောက်ဆည် အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဈေး ပြန်လည်မြင့်တက် လာသဖြင့် ကြက်သွန်စိုက်တောင်သူများအနေဖြင့် ကြက်သွန်လှောင်ထားသည့် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
ယခင်လများက ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ(၂၀၀)ကျပ်မှ (၂၅၀)ကျပ်အတွင်း အရောင်းအဝယ်ရှိရာ ယခုအခါ လဆန်းပိုင်းမှ စတင်ကာ ကြက်သွန်ဈေးနှုန်းများ ပြန်လည်မြင့်တက်ပြီး ကြက်သွန်တစ်ပိဿ ငွေကျပ်(၄၅၀)မှ(၉၅၀)ကျပ်အထိ ပြန်လည် အရာင်းအဝယ်ရှိကြောင်း ကြက်သွန်ပွဲရုံများထံမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် ကြက်သွန်များကို တိုက်နယ်(၁)အတွင်းမှ ကျေးရွာ(၆)ရွာတွင် (၁၇၉၁)ဧက၊ တိုက်နယ်(၂)အတွင်းမှ ကျေးရွာ(၅)ရွာတွင် (၄၄၈၂)ဧက၊ တိုက်နယ်(၃)အတွင်းမှ ကျေးရွာ(၅)ရွာတွင် (၆၅)ဧက၊ တိုက်နယ်(၄)အတွင်းမှ ကျေးရွာ(၂) ရွာတွင် (၅၀)ဧက၊ တိုက်နယ်(၅)အတွင်းမှ ကျေးရွာ(၂)ရွာတွင် (၉၅၁)ဧက၊ တိုက်နယ်(၆) အတွင်းမှ ကျေးရွာ(၁)ရွာတွင် (၇၇၀)ဧက၊ တိုက်နယ်(၉)အတွင်းမှ ကျေးရွာ(၃)ရွာတွင် (၂၀၅) ဧက၊ တိုက်နယ်(၁၀)အတွင်းမှ ကျေးရွာ(၅)ရွာတွင် (၉၄၀)ဧက၊ တိုက်နယ်(၁၁)အတွင်းမှ ကျေးရွာ(၄)ရွာတွင် (၁၅၉)ဧက၊ တိုက်နယ်(၁၂)အတွင်းမှ ကျေးရွာ(၅)ရွာတွင် (၂၉၂)ဧက စုစုပေါင်း (၉၇၅၀) စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)