သတင်းများ

ချောက်မြို့နယ်၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲနှင့် ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်း ပုဂံကျောင်းတို့ပူးပေါင်း၍ ဒီဇင်ဘာ (၁၆)ရက်နေ့က ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၊(Community Centre) ခန်းမ၌ ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစား ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား နံရံကပ်ပြဘုတ် ပြသဆောင်ရွက်
Dec 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ (၃)နာရီတွင် ပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား နံရံကပ်ပြဘုတ် ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ဒေသနွားမျိုးကောင်း မျိုးသန့် ဒုတိယအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးအပ်
Dec 18,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုးပင်ကျေးရွာအုပ်စု မုဉ္ဇလီကျေးရွာ၌ သရက်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်အတွက် ဒေသနွားမျိုးကောင်း မျိုးသန့် ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ဆက်လက်ထိုးနှံပေး
Dec 18,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများနှင့် အသက်(၁၂)နှစ် အထက်ကျောင်းသားကျောင်းသူများအား ဆေးထိုးစုရပ် အသီးသီး၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ထိုးနှံပေးခြင်းအား ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ပုံမှန်လည်ပတ်မှု အခြေအနေကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 17,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံ လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြသည်။
အောင်လံမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 17,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းမတကျေးရွာရှိ ပန်းမတလျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသော တောင်သူ ဦးအောင်သောင်း၏ ကွင်းအမှတ်-၇၆က၊ ဦးပိုင်အမှတ် ၄၀ တွင် စိုက်ပျိုးထားသော (၂.၃၆)ဧကအား ဧရာမင်းစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈နာရီက ပြုလုပ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်လူဦးရေစာရင်းများ အောင်မြင်စွာပြုစုနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် လူဦးရေ စာရင်းများ ကြိုတင်စိစစ်ပြီး အချိန်မီအောင်မြင်စွာ ပြုစုဆောင်ရွက်နိုင်ရေး လုပ်ငန်းများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနတို့အပြင် မြို့နယ်အတွင်းရှိ ကျန်ရှိသောဌာန ဆိုင်ရာများပူးပေါင်းပြီး လူဦးရေစာရင်းများ မှန်ကန်ရေး စိစစ်ခြင်း၊ ကွန်ပျူတာများဖြင့် စာရင်းများပြန်လည် ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည်။