ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအသုတ်တွင် တစ်ကြိမ်မျှထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံပေး

ချောက်  အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊  ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယခု တတိယအသုတ် ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်​နေရှိ​သော ၁၈နှစ်အ​ထက် မည်သူမဆို တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ဆေးမထိုးရသေးသူများအား ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံခြင်းများကို ယ‌မန်နံနက် ၈နာရီကမြို့နယ်အတွင်း ကျေးရွာများတွင် သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက ပူးပေါင်း၍ ဆောင်ရွက်သည်။

ယခုထိုးနှံမှုသည်ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်၊ ပထမ အကြိမ်ထိုးနှံခြင်းဖြစ်သည်

ချောက်မြို့နယ်အတွက် တတိယအသုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆေးအလုံးရေ ၂၅၀၀လုံး ရရှိသဖြင့် လူဦး‌ရေ ၁၂၅၀၀ ဦးအား ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို ​အောက်တိုဘာ ၈ရက်နေ့က စတင်ထိုးနှံပေးခြင်းဖြစ်သည်၊ ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ တိုက်နယ် ကျေးရွာအုပ်စု များကိုလည်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသံချဲ့စက်ဖြင့် တိုက်တွန်း​ဆော်သြခြင်း၊ ကျန်းမာ​ရေးဝန်ကြီးဌာန ညွန်ကြားချက်နှင့်အညီ မြို့ရွာ အနှံ့အသိ၊ သတိကြိုတင် ကာကွယ်မှုများဖြင့်လိုက်နာ​နေထိုင်သွားကြပါရန် အသိ​ပေးနှိုး​ဆော်မှုများ​ နေ့စဉ်​ဆောင်ရွက်လျက် ရှိကြောင်း၊ကျေးရွာများ အလိုက် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ချောက်မြို့နယ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ကျော်မိုး