သံတွဲမြို့နယ်၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိ

သံတွဲ  အောက်တိုဘာ ၁၀

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP))အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ ကာကွယ်ဆေးမထိုးရသေးသည့်အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ် ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၀ရက်နံနက် ၈နာရီမှညနေ ၄နာရီခွဲအထိ စတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာကျန်းမာရေး ဌာန ဆေးထိုးစင်တာ(၁၀)ခုတွင် ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို  ၆၅နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအုပ်စုများအပြင် အစိုးရကျန်းမာရေးဝန်ထမ်း ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း စေတနာ့ပရဟိတအဖွဲ့ ၊ဘုန်းတော်ကြီးများနှင့် သာသနဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်း ၊ပုဂ္ဂလိက စက်ရုံ အလုပ်ရုံဝန်ထမ်းများ ၊ ၊ပုဂ္ဂလိကသယ်ဘူပို့ဆောင်ရေးဝန်ထမ်း ၊ ဟိုတယ် ၊မိုတယ်/တည်းခိုခန်း၊ အစားအသောက်ဝန်ဆောင်မှုတန်ထမ်း ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု  ဝန်ထမ်း ၊ ၊သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံငံတကာဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသောလုပ်ငန်းများမှ ဝန်ထမ်း ၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ကုန်ပစ္စည်းသိုလ်လှောင်ရေး လုပ်ငန်းလုပ်ဆောင်သူများ၊ အသက်၁၈နှစ်ပြည့်ပြီးသူများ ၊ အခြားလာရောက်ထိုးနှံသူ ဒေသခံပြည်သူများ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ၊ စားသောက်ဆိုင်များမှ ဝန်ထမ်းများ၊ မှီခိုသူ များ မသန်စွမ်းသူ ၊တို့အား ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ၁၀ရက်နေ့မှ  ၁၁ရက်နေ့ထိ ဆေးရရှိမှုအပေါ်ထိုးပေးသွားမည်ဖြစ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီးဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက် ရှိကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်