မိုင်းယောင်း အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြည်သူ ၁၄၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOPHARM) ဒုတိယအသုတ် (ပထမအကြိမ်)ကို ဒုတိယနေ့အဖြစ် ယမန်နေ့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအဆင်ပြေစေရန် ထွေ/အုပ်နှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူးနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း