Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သရက်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် စတင် ထိုးနှံပေး
Oct 10,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးခြင်းလုပ်ငန်းများကို ရွှေသက်လွတ်ဘုရား ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ယနေ့ နံနက် (၉) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယ အသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး
Oct 10,2021
ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) တတိယအသုတ် (ပထမ အကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးမည့် ကာကွယ်ဆေး(၅၀၄၀၀)ရောက်ရှိ
Oct 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ် အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် မြိတ်ခရိုင်ရှိ လူဦးရေ (၅၀၄၀၀)ဦးအတွက် ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ် အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Oct 10,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိပြည်သူများ အား ကိုဗစ်-၁၉ရောဂါဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ် အတွင်းရှိ သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိကာကွယ် ဆေးလာရောက်ထိုးနှံသူ ၂၉၅ ဦးရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲခြင်း လက်တွေ့သရုပ်ပြပွဲကျင်းပ
Oct 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် သဘာဝမြေဩဇာနှင့်သဘာဝ ပိုးသတ်ဆေးပြုလုပ်သုံးစွဲ ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရွှေယွန်းစံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို တတိယအသုတ် အဖြစ် ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 10,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက် ၉နာရီက တတိယအသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာများရှိ ကျေးရွာဒေသခံပြည်သူများက မိသားစု စားဝတ်နေရေးအတွက် သစ်ဂျပိုးအခေါက် လုပ်ကိုင်ရောင်းဝယ်လျက်ရှိ
Oct 10,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း တောင်ပေါ် တအာင်း(ပလောင်) ကျေးရွာများရှိ ကျေးရွာဒေသခံ ပြည်သူများက မိသားစု စာဝတ်နေရေး ပြေလည်စေရန် သစ်ဂျပိုးအခေါက် ဈေးကောင်းရရ၍ လုပ်ကိုင် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 10,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီခွဲအချိန်ခန့်ကစတင်ကာ အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22389
Page
22390
Page
22391
Page
22392
Current page
22393
Page
22394
Page
22395
Page
22396
Page
22397
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department