သတင်းများ

အောင်လံမြို့နယ် အခြေခံကျောင်းများ၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေး
Dec 20,2021
မကွေးတိုင်းဒေသကြီး၊‌ သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက်၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ယနေ့နံနက် ၉ နာရီက စတင်၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၂၄၀)ဦးအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Dec 20,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၂၄၀ )ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီက ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကျေးရွာများ အရောက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီ က စမ်းချောင်းရပ်ကွက်နှင့် အင်းပေါက် ကျေးရွာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ နံရံကပ် စာစောင်နှင့် ဓာတ်ပုံများပြသ
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကျောင်းသား/သူများ၊ လမ်းသွားလမ်းလာပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် လျက်ရှိပါသည်။
ဥတ္တရသီရိမြို့နယ် (၅၂) သစ်စက်ကျေးရွာမှ အိမ်ထောင်စု (၃၈) စုအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ
Dec 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဥတ္တရသီရိမြို့နယ် (၅၂) သစ်စက်ကျေးရွာမှ အိမ်ထောင်စု (၃၈) စုအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့အထိမ်းအမှတ်အကြိုနုတ်ခွန်းဆက်တေးသီ များကို လူငယ်များက လှည့်လည်ဖျော်ဖြေပေးလျက်ရှိ
Dec 20,2021
ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ၂၀၇၆၁ နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသောအားဖြင့် လှိုင်းဘွဲမြို့ ကရင်စာပေနှင့် ယဉ် ကျေးမှုအသင်းမှလူငယ်၊ မောင်မယ်များက ကရင်တေးသီချင်းများနှင့်အတူ ဒုံးယိမ်း အကများဖြင့် ညဦးပိုင်းအချိန်များ၌ လှည့်လည်ဖျော်ဖြေပေးလျက်ရှိရာ အိမ်ရှင်များက ကြိုဆိုကြပြီး နှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် အလှူငွေများကို လှူဒါန်းပေး လျက်ရှိကြသည်။
လင်းခေးတွင် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်နည်း တောင်သူများအား လက်တွေ့သရုပ်ပြ
Dec 20,2021
လင်းခေးတွင် လယ်ယာမြေစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်း လက်တွေ့သရုပ်ပြခင်းကို ယနေ့နံနက် ၈ နာရီခွဲက လင်းခေးမြို့၊ ဝမ်လွိုင်ရပ်နေ တောင်သူဦးထောင်နီ၏ စိုက်ကွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။