သတင်းများ

ကျိူက်မရောမြို့နယ်တွင် စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Dec 20,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့တွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Dec 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် မြို့အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးသည် များအား မိုင်းငေါ့မြို့ ကိုဗစ်­-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များမှ ယမန်နေ့နံနက် (၉) နာရီအချိန်က အိမ်ဆိုင်များ တွင် ဖွင့်လှစ်ရောင်းချ နေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ့ပြီးခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅၉၀၅) ဦး ထိုးနှံပေးပြီးဖြစ်
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယ) အကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ (၁၇) ရက်နေ့အထိ (၅၉၀၅) ဦး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး လိုက်လံနှိုးဆော်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ထန်းဘူးတော၊ ကျောင်းကုန်း ကျေးရွာ များသို့ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြသခြင်းများဆောင်ရွက်
Dec 20,2021
‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/သူ (၈၄) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 20,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉) နာရီ အချိန်ခန့်က Sinovac အမျိုးအစား ကာကွယ်ဆေး အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Dec 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်၌လည်းကောင်း၊ နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာ၌လည်းကောင်း ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။