သတင်းများ

လိပ်သိုမြို့တွင်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ  ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်
Dec 20,2021
 ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား  အများပြည်သူ သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက   လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများသို့ သွားရောက်၍ ကရင်၊ မြန်မာ နှစ် ဘာသာဖြင့် အသိပညာပေးလှည့်လည်    နှိုးဆော်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်၊ စာစောင်ပြပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 20,2021
ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံ ကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယ စွည်းရည် တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေ ရန်၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာအုပ်၊စာစောင်ပြပွဲနှင့် ကာယ စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။
သံဖြူဇရပ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကျင်းပ
Dec 20,2021
ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ် ထွက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပသည်။
တောင်သာမြို့၌ ပန်းခင်းစီမံချက် အကြောင်း ပြည်သူများသိရှိစေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူအင် အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက် အကြောင်းပြည်သူများကျယ် ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့်လက်ကမ်း
စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေး   ဘဏ်ခွဲ မှမြို့နယ်အတွင်းရှိ  ကျေးရွာ  တောင်သူများကို   ၂၀၂၁ခုနှစ်  ဆောင်းရာသီအတွက်  စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ရှိ ပညာရေးကောလိပ်၊ တောင်ငူတက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုစစ်ဆေး
Dec 20,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက တောင်ငူပညာရေး ကောလိပ်နှင့် တောင်ငူတက္ကသိုလ်တို့​၏ ဖွဲ့စည်းတည်ဆောက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး​ကာ လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။
ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယအကြိမ်)အဖြစ်ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 20,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများ အားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းနှင့် (ဒုတိယ အကြိမ်) ထိုးနှံရန်ကျန်ရှိသူများ အားကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နေ့ နံနက် (၉)နာရီ အချိန်ခန့်တွင် ပလောက်ဆေး တပ်ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပဥ္စအအသုတ် ပထမအကြိမ်ထိုးနှံပေး
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုများမှ ပြည်သူများအား ပဥ္စမအသုတ် ပထမ အကြိမ်အဖြစ် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၈ နာရီမှစတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။