သတင်းများ

ဖျာပုံမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် ကမ္ကာ့နိုင်ငံနေရာ အနှံ့အပြားတွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ထပ်မံကူးဆက် ပြန့်ပွားမှု ဖြစ်ပွားလာသည်နှင့်အမျှရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်/ဆက်ဦးစီးဌာန ရုံးတွင်းနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်များအား အသိပညာပေး ပြသခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့် ကမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 20,2021
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ‌ယနေ့ နံနက် ၉နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့်ဆေး ထိုးစုရပ်များ၌ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကျင်းပ
Dec 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(၈)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ လိုက်လံနှိုးဆော်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် နှင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့‌ နေ့လည် (၁)နာရီက လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
မြေပုံမြို့၌ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းဖွင့်လှစ်
Dec 20,2021
ပုစွန်မွေးတောင်သူများလည်း လူမှုစီပွားဘဝ (Socio-economic)များ တိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ရွှေ ဦးဆောင်ပြီး ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြေပုံမြို့နယ် ငမန်းရဲကျွန်းဒေသ၊ ပြင်းချောင်းကျေးရွာအုပ်စု၊ ငမန်းရွှေမြေ ရေငန်ပုစွန်မွေးမြူရေးဇုန်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီဖွင့်လှစ်သည်။
ပေါက်‌‌ခေါင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်‌ခေါင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်  ပြည်သူ များအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့လယ်လေးမျက်နှာ ဇာတ်ရုံနှင့်‌ ဆေးထိုးစုရပ်အသီးသီးတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။