ဒေါ့ဖုန်းယန် နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၂၄၀ )ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီက ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဒေါ့ဖုန်းယန်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပညာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းပေးခြင်း၊ ရောဂါအခံရှိ/မရှိ မေးမြန်းခြင်းနှင့် စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများပြုလုပ်၍ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူ ဒေါ့ဖုန်းယန် မြို့ အထက်တန်းကျောင်းမှ (၃၅)ဦး၊ နားလုံကျေးရွာ အထက်တန်းကျောင်းခွဲမှ (၃၅)ဦး၊ ဖာကေကျေးရွာ အထက်တန်းကျောင်းခွဲမှ (၅၉)ဦး၊ သိန်လုံကျေးရွာ အလယ်တန်းကျောင်းခွဲမှ (၅၁)ဦး၊ တာဆိုင်ကျေးရွာ အလယ်တန်းကျောင်းခွဲမှ (၄၁)ဦး၊ တိန်းဘုရားကျေးရွာမူလတန်းလွန်ကျောင်းမှ (၆)ဦးနှင့် တိန်းငိတ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ (၁၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးကြောင်း ထုတ်ပေးသည့်လက်မှတ်များအား သက်ဆိုင်ရာ ကျောင်းအုပ် များထံသို့ ပေးအပ်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)