အောင်လံမြို့နယ် အခြေခံကျောင်းများ၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေး

အောင်လံ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊‌ သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက်၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ယနေ့နံနက် ၉ နာရီက စတင်၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အောင်လံမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ကိုယ်ပိုင် ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များက ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းသား/သူများ လက်ဝယ်အရောက် Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)