သတင်းများ

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ၊နံရံကပ်စာစောင်ပြသပွဲနှင့်စာအုပ်စာစောင်ပြသပွဲကျင်းပ
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေ ပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ ၁၂၇ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံ
Dec 20,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၂၇ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို မာန်အောင်မြို့ ပြည်သူ့ဆေးရုံနှင့် ရဲကျွန်း၊ ကမား ကျန်းမာရေး ဌာနတို့တွင် ယနေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာဖတ်ဝိုင်းကျင်းပ
Dec 20,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေကို ဖတ်ရှုခြင်းဖြင့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် ပြန်ဆက်ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများပြသ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ အကောင်အထည်အဖော်ဆောင်ရွက်‌နေမှုများအား အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ် တဝင့်သိရှိစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့လူထုအခြေပြု ဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်၊ စာစောင်ပြပွဲကျင်းပပြုလုပ်.   
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်၊စာစောင်ပြပွဲကို ယနေနေ့လည်(၁၂)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ထန်းတပင်မြို့နယ်တွင် ကျင်းပ
Dec 20,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေး
Dec 20,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီး​လောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အတွက် မီးဘေးလုံခြုံရေးဆိုင်ရာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။
ဇွဲကပင်အားကစားကွင်း အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ပန္နတင်မင်္ဂလာအခမ်းအနား ကျင်းပ
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆင့်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက် ၈ နာရီခွဲခန့်က အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ပန္နက်တင်မင်္ဂလာအခမ်းအနားကို အဆိုပါ အားကစားကွင်း၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊