ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့အထိမ်းအမှတ်အကြိုနုတ်ခွန်းဆက်တေးသီ များကို လူငယ်များက လှည့်လည်ဖျော်ဖြေပေးလျက်ရှိ

လှိုင်းဘွဲ  ဒီဇင်ဘာ  ၂၀

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ၂၀၇၆၁ နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသောအားဖြင့် လှိုင်းဘွဲမြို့ ကရင်စာပေနှင့် ယဉ် ကျေးမှုအသင်းမှလူငယ်၊ မောင်မယ်များက ကရင်တေးသီချင်းများနှင့်အတူ ဒုံးယိမ်း အကများဖြင့် ညဦးပိုင်းအချိန်များ၌ လှည့်လည်ဖျော်ဖြေပေးလျက်ရှိရာ အိမ်ရှင်များက ကြိုဆိုကြပြီး နှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် အလှူငွေများကို လှူဒါန်းပေး လျက်ရှိကြသည်။

၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ ၂ ရက်နေ့တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို လှိုင်းဘွဲမြို့ပေါ်နှင့် ကျေးရွာအုပ်စုများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ နှစ်သစ်ကူးပွဲ တော်အတွက် လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လုံးပြိုင်ပွဲများကို ကြိုတင် ကျင်းပလျက်ရှိကြပြီး ကရင်နှစ်သစ်ကူနေ့ အခမ်းအနား၌ အနိုင်ရအသင်းများကို ဆုချီးမြှင့်ခြင်း၊ ချောတိုင်

တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများကို လူကြီး၊ လူငယ်လူရွယ်များနှင့် ကလေး သူငယ်များအတွက် အားကစားပွဲများကို ထည့်သွင်း၍ ကျင်းပသွားကြမည်ဖြစ် ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)