သတင်းများ

မအူပင်ခရိုင်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ဌာနဆိုင်ရာစာပေဝါသနာရှင်တို့ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေး
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား မြို့နယ်သာသနာ့ ဗိမာန်၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ထိုးနှံပေးခြင်း အား ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မြောင်းမြတွင် (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာဖတ်စွမ်းရည်/ ဉာဏ်ရည်မြှင့် ပြိုင်ပွဲများ ကျင်းပ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင်၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ( ၄ ) ရက်နေ့၌ ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံး ဆက် ပြိုင်ပွဲ၊စက္ကူခေါက်ပြိုင်ပွဲနှင့် အိမ်ဆောက်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကံမမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေးနှိုးဆော်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများကိုဗစ်၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အမှတ် (၂)ရပ်ကွက် ဌာနကုန်းရပ်၌ ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိ
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ရုံးရှေ့တွင် ပြသထားသောမြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ   ၁၈ ရက် နေ့လည်ပိုင်းက နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက် (၉)ရပ်မှတ်တမ်း ဓာတ်ပုံများကိုပြသဆောင်ရွက်လျက်ရှိသည်။
လမိုင်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓါတ်ပုံများ ပြသပေး
Dec 20,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လမိုင်းမြို့ရုံးမြေစိုက် နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ မှတ်တမ်းဓာတ်ပုံများ ပြသထားရာ ယနေ့နံနက်ပိုင်းက ပြည်သူများ လာရောက် ကြည့်ရှု ကြကြောင်း သိရသည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ ကျင်းပဆောင်ရွက်
Dec 20,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိိစေရန်နှင့် နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက် မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် (omicron) ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်
Dec 20,2021
ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (omicron) ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၈) နာရီခွဲက ရွှေပြည်ရန်လုံရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။