နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဥတ္တရသီရိမြို့နယ် (၅၂) သစ်စက်ကျေးရွာမှ အိမ်ထောင်စု (၃၈) စုအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားအနားတွင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရသီရိ မြို့နယ်၊ တောင်ညိုကျေးရွာ အုပ်စု (၅၂) သစ်စက် ကျေးရွာမှ အိမ်ထောင်စု (၃၈) စုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)